မအူပင်မြို့၌ စပါးမျိုးစေ့ချစက် (Paddy Seedling Machine) ဖြင့် ပျိုးထောင်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

မအူပင် ဇူလိုင် 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ငါးကြီးဂရက် ကျေးရွာအုပ်စု၊ ငါးကြီးဂရက် ကျေးရွာရှိ ဦးပိုင်အမှတ် ၄၃/၁၊ ကွင်းအမှတ် ၇၅၄ ၊ တောင်သူဦးချစ်တင်၏ စိုက်ပျိုးမြေ ()ဧကတွင် ဆင်းသုခစပါးမျိုးအား ယနေ့နံနက် (၁၀)နာရီကအမှတ်(၁၉စက်မှုလယ်ယာစခန်း မအူပင်မြို့မှ စပါးမျိုးစေ့ချစက် (Paddy Seedling Machine) ဖြင့် ပျိုးထောင်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ စက်မှုလယ်ယာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးဌာနမှူး ဦးသန်းဇော်ဦးမှ စပါးမျိုးစေ့ချစက်(Paddy Seedling Machine) ဖြင့် ပျိုးထောင်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများနှင့် လုပ်ဆောင်မှုအဆင့်ဆင့်အားရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ စပါးမျိုးစေ့ချစက်ဖြင့် ပျိုးထောင်ခြင်းလက်တွေ့ ဆောင်ရွက်နေမှုနှင့် ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါသရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ငါးကြီးဂရက်‌ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များ မေးမြန်းခဲ့ရာ အမှတ်(၁၉) စက်မှုလယ်ယာစခန်းတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်