ကယားပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းနှင့် ဆန်၊ ဆီ၊ ပဲ၊ ဆား လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား လွိုင်ကော်တွင်ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) ၂၀၂၅ ခုနှစ်၊ ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆန်၊ ဆီ၊ ပဲ၊ ဆား လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ လွိုင်ကော်မြို့နယ်မှ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စိုက်ကြပ်ကော်မတီဥက္ကဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ရန်အောင်မြင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၈၂၈၊ ဃ)၊ သက္ကယ်ခြံတောင်ကွင်းရှိ တောင်သူဦးထွန်းငွေ၏ လယ် (၁၀) ဧကမိုးစပါးစိုက်ပျိုးရန် မြေပြင်ထွန်ယက်ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုပြီး နေပြည်တော်ကောင်စီဝင်က ရေစီးရေလာကောင်းမွန်စေရေး လယ်ကြားမြောင်းများရှင်းလင်းရန်နှင့် စပါးအထွက်တိုးအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) သီလခံယူပွဲများ၊နေ့အထူးတရားပွဲနှင့်စည်းကား

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသဓာတု ရွှေဆံတော်စေတော်မြတ်ကြီးတွင် ၁၃၈၇ ခုနှစ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ရွှေဆံတော်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်၌ သီလပေးတရား၊ ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် အထူးတရားပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် မိုးနဲမြို့သို့ရောက်ရှိ ယာစပါးမျိုးသန့်ပွား စံပြစိုက်ခင်းနှင့်ယာစပါးမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေး

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နမ့်စန်ခရိုင် မိုးနဲမြို့နယ်သို့ ယနေ့နံနက် ၈ နာရီအချိန်ကရောက်ရှိ၍ မိုင်ဟိုင်းကျေးရွာအုပ်စု မယ်ဇလီမြိုင်ကျေးရွာတွင် ဆောင်ရွက်ထားရှိသော ယာစပါးမျိုးသန့်ပွား စံပြစိုက်ခင်းနှင့် ယာစပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျွန်းလှ၌ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ကြသူများဖြင့် စည်ကား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းနှင့် ဥပုသ်သီလ ဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ကော့‌‌သောင်းမြို့တွင် ခရိုင်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဘုရင့်နောင်ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ အဆိုပါအစည်းအဝေးသို့  ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကဝမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ခုနှစ်၊ လုပ်ငန်းရာသီအတွက် (ပထမ)အကြိမ် ဂရန်အင်းများနှင့် တင်ဒါချက်များ လေလံတင်ရောင်းချခြင်း အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် လုပ်ငန်းရာသီအတွက် ဂရန်အင်းများနှင့် တင်ဒါချက်များ (ပထမ) အကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင် ပြန်ဆက်ဦးစီးဌာနမှ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့မနက်ပိုင်းက ခရိုင်ပြန်ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လည်းကောင်း၊ နေ့လယ်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင်လည်းကောင်း ဖွင့်လှစ်ကြောင်း သိရသည်။
Subscribe to