တန့်ယန်းမြို့နယ်တွင် ယဉ်ကျေးလိမ္မာသင်တန်း စာမေးပွဲအောင်မြင်သူများအား စာအောင်ဆုပေးအပ်ချီးမြှင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ယဉ်ကျေးမှုစာမေးပွဲ ကျင်းပရေး ကော်မတီမှ ကြီးမှူးဖွင့်လှစ်ခဲ့ပြီးသော ယဉ်ကျေးလိမ္မာသင်တန်းတွင် တက်ရောက်ကာ စာမေးပွဲအောင်မြင်သူများအား စာအောင်ဆုပေးအပ်ချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၁၀)ရပ်ကွက်ရှိ ကိုင်းကုန်းပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

တန့်ယန်းမြို့နယ်တွင် (၂၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မဟာမြတ်မုနိဘုရားကြီးကျောင်း၏ မြို့နယ်လုံးကျွတ် (၂၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဝါဆိုလပြည့်နေ့ ယမန်နေ့နံနက် ၁၀ နာရီက မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံရာသီက စိုက်ပျိုးထားသော နှမ်း ၁၈၉၅၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံရာသီက စိုက်ပျိုးထားသော နှမ်း ၁၈၉၅၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပခုက္ကူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ပခုက္ကူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ် ပခုက္ကူ ဇူလိုင် ၁၀ ခရိုင်(ပြန်/ဆက်)

မိုင်းဖြတ်မြို့နယ်၌ မိုးစပါးလက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသ

မိုင်းဖြတ်မြို့နယ်၌ မိုးစပါးလက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသ မိုင်းဖြတ် ဇူလိုင် ၁၀ သန်းထွန်းအေး

လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြို့သစ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်ဓာတ်ပုံပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးနှင့် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်စေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်ဓာတ်ပုံပြပွဲ အသိပညာပေး စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်(၁)နာရီက မြို့သစ်မြို့နယ် ပေကံကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ စာသင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့၌ ဓမ္မစကြာအခါတော်နေ့တွင် ဝါဆိုလပြည့်နေ့ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် တန်ခိုးကြီးဘုရားပုထိုးစေတီများ၌ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူ ပူဇော်သူ၊ တရားဘာဝနာပွားများကျင့်ကြံအားထုတ်သူ၊ ကုသိုလ်ဒါနပြုလုပ်သူ၊ သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိသည်။

ပုလောမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ပုလောမြို့ အမှတ်(၇) အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို သာသနာတော်နှစ် ၂၅၆၉၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်၊ ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့ မြသလွန်စေတီရင်ပြင်တော်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ မကွေးမြို့ပေါ်ရှိ ကျောင်းတိုက်(၉၈)ကျောင်းမှ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းနှင့် သင်္ကန်းအစုံ(၁၀၆၂)စုံ စုစုပေါင်းတန်ဘိုးငွေကျပ်(၈၄,၁၉၇,၅၀ဝိ/-) သိန်းတို့ကို စုပေါင်း ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
Subscribe to