ကျိုက်လတ်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကျိုက်လတ်-ဖျာပုံ စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းအချိန်က လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု မရှိစေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များ MyRo တွင် ဆန်/စပါးမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online MyRo) တွင် ဆန်စက်များ MyRo တွင် ဆန်စပါးမှတ်ပုံတင်နိုင်ရေး ယမန်နေ့က ဝမ်းတွင်းမြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာကာ စိုးရိမ်ရေမှတ်ရောက်ရှိရန် ၈၈ စင်တီမီတာအလိုရောက်ရှိနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၉၃ စင်တီမီတာခန့် ၄ ပေခန့်လိုကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံက သိရသည်။

ရွှေဘိုမြို့​ အောင်​မြေ​ကျောင်းထိုင် ဘုန်းကြီးသင်တန်း​ကျောင်း အမှတ်စဥ်(၂၁)သင်တန်းဖွင့်ပွဲ၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်​တော်၊ ဆီဆက်ကပ်လှူဒါန်းပွဲကျင်းပ 

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြို့အောင်​မြေကျောင်းထိုင် ဘုန်းကြီးသင်တန်း​ကျောင်းအမှတ်စဥ်(၂၁) သင်တန်းဖွင့်ပွဲ၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်​တော်၊ ဆီဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က​​အောင်​မြေဘုန်းတော်ကြီးကျောင်းခန်းမတွင်ကျင်းပရာ တက်​​ရောက်လာသူများမှ န​မောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်​တော့၍အခမ်းအနားဖွင့်လှစ်ခဲ့ပြီး​ ​ကျောင်းထိုင်ဘုန်းကြီးသင်တန်း​ကျောင်း ​ကျောင်းအုပ်ဆရာ​တော် ဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တသြသဓ အရှင်သူမြတ်ထံမှ (၅)ပါး သီလခံယူ​ဆောက်တည်ခဲ့ကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကျောက်ကပ်ဝေဒနာရှင်များကို ကြည့်ရှုအားပေးစကား ပြောကြား

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ထားဝယ်ပြည်သူ့ဆေးရုံကြီးရှိ ကျောက်ကပ်သွေးသန့်စင်ဌာနတွင် တက်ရောက်ကုသနေသော ကျောက်ကပ်ဝေဒနာရှင်များကို ကြည့်ရှုအားပေးစကား ပြောကြားသည်။

ပုလောမြို့နယ်၌ ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့ ဘုရားဖူးပြည်သူများ၊ ဥပုသ်သီလ ဆောက်တည်ကုသိုလ်ပြုသူများဖြင့် အထူးစည်းကား

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယမန်နေ့ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့ ဘုရားဖူးပြည်သူများ၊ ဥပုသ်သီလဆောက်တည် ကုသိုလ်ပြုသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် ပခုက္ကူမြို့၌ ဝါဆိုသင်္ကန်းကပ်လှူသူများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများဖြင့် စည်ကား

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် ဌာနဆိုင်ရာများအလိုက် ဝါဆိုသင်္ကန်းကပ်လှူသူများ၊ ရှေးဟောင်း သမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ကောင်းမှုကုသိုလ်ပြုလုပ်သည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ နှင့်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ‌ဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတတိုးပွားစေရေးရည်ရွယ်ကာ  စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဇူလိုင်လ ၈ ရက်နေ့မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရင်ပြင်တော်၌ ပရိတ်တရားနာယူခြင်းနှင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Subscribe to