ပုလော ဇူလိုင် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယမန်နေ့ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့ ဘုရားဖူးပြည်သူများ၊ ဥပုသ်သီလဆောက်တည် ကုသိုလ်ပြုသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာနွယ်ဝင် ပြည်သူများက မြတ်စွာဘုရားရှင်၏ ထူးမြတ် သောနေ့ဖြစ်သည့် ဝါဆိုလပြည့်နေ့တွင် ဆွမ်း၊ဆီမီး၊ပန်း၊ ရေချမ်းများကပ်လှူ ပူဇော်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း၊ အနုမောဒနာ တရားများ နာယူကြည်ညိုခြင်း၊ ဥပုသ်သီလခံယူ တည်ဆောက်ခြင်း၊ အာဟာရဒါန လှူဒါန်းခြင်းဖြင့် ကုသိုလ်ပြုလျက်ရှိကြောင်း သိရသည်။
အေးအေးမော်(ပုလော)