ကျိုင်းတုံမြို့၌ မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်စပါးမျိုးစေ့ချ စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်စပါးမျိုးစေ့ချ စိုက်ပျိုးနည်းစနစ် သရုပ်ပြပွဲကို ဇူလိုင် ၁၂ ရက်က ကျိုင်းတုံစိုက်ပျိုးရေးသုတေသနခြံတွင် ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ ဌာနဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ဆွမ်းဆန်တော်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဌာနဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ဆွမ်းဆန်တော်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မင်းကုန်း) ၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌  မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း (မင်းကုန်း) ရှိ ကျောင်းသား/ကျောင်းသူများအား ဇူလိုင် လ ၁၁ ရက်နေ့ နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့၌ မြို့နယ်သမဝါယမအသင်းစုလီမိတက် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင်၊မိုင်းရှူးမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့မစျေးသမဝါယမအသင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ် ကွန်ပလိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁၁ ရက်နေ့မွန်းလွဲ (၂) နာရီက ကွန်ပလိုင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၅ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်းနှင့်ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ ယမန်နေ့နေ့လယ်ပိုင်းက စိုက်ပျိုးရေးသုတေသနခန်းမ၌ ကောက်စိုက်တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျောက်ဆည်မြို့တွင် ပြည်သူ့နီတိနှင့်လက်တွေ့ဘဝအကြောင်း ဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူများ ယဉ်ကျေးလိမ္မာပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ရွှေသရဖီခန်းမတွင် စာရေးဆရာတင်စိုး(နီတိအတွေး)က ပြည်သူ့နီတိနှင့်လက်တွေ့ဘဝအကြောင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ် အထက (၃) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်စကားဝိုင်း၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဟောပြောပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်စကားဝိုင်း၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဟောပြောပွဲအခမ်းအနားကိုကျင်းပခဲ့ရာ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်အေးအေးခိုင်၊ မြို့နယ်အမျိုးသမီးရေးရာအသင်းမှ အဖွဲ့ဝင်များ၊ စာရေးဆရာမ ပေါက်ပေါက်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၌ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ခလေးစောင့်ရှောက်မှုအသင်းတို့မှ ကျောင်းပြင်ပပညာရေးကျောင်းများတွင် ဗလာစာအုပ်နှင့် သွားတိုက်တံများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ခလေးစောင့်ရှောက်မှုအသင်း၏ ကြီးကြပ်မှုဖြင့် အမှတ် (၅၈) ရပ်ကွက်၊ အမှတ်(၈) အလယ်တန်းကျောင်း (ခွဲ) နှင့် အမှတ် (၂) မူလတန်း (လွန်) ကျောင်းတို့ရှိ ကျောင်းပြင်ပပညာရေးစခန်းတို့တွင် ယမန်နေ့နေ့လယ် ၂:၃၀ နာရီက ဗလာစာအုပ်နှင့် သွားတိုက်တံများ လှူဒါန်းခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ရပ်ကွက်ကြီး (၂) ရှိ သံဃသာမဂ္ဂီသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဆရာတော်ကြီးများ အမှူးရှိသော သံဃာတော်များ၊ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များတက်ရောက်ကြသည်။  
Subscribe to