ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာတွင် တောင်သူများကိုယ်တိုင်ပါဝင်သည့် သားဆက်လိုင်းများမွေးမြူရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ ကွင်းအမှတ်(၁၆၅၉)တွင် တောင်သူများကိုယ်တိုင် ပါဝင်သည့် သားဆက်လိုင်းများမွေးမြူရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

ဂန့်ဂေါတွင် ၂၀၂၅ခုနှစ် နည်းဗျူဟာမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲ စတင်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် အမှတ် (၇၇၃) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လှမျိုးထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဝါသနာရှင်များ ပူးပေါင်းကျင်းပသော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်နေပြည်သူ အသင်းများပါဝင်သည့် ၂၀၂၅ခုနှစ် နည်းဗျူဟာမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို ဇူလိုင်လ (၁၁) ရက်နေ့ ညနေ ၃နာရီခွဲအချိန်မှစတင်၍ ခရိုင်ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး လှမျိုးထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် အားကစားဝါသနာရှင်များ တက်ရောက်၍  ကြည့်ရှုအားပေးခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ် ၂၀၂၅ ခုနှစ် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ် ၂၀၂၅ ခုနှစ် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက် ကျောက်ဆည် ဇူလိုင် ၁၃ အောင်ပိုင်ပိုင်ကျော်

ကျောက်ဆည်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေး ကျင်းပ

ကျောက်ဆည်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေး ကျင်းပ ကျောက်ဆည် ဇူလိုင် ၁၃ အောင်ပိုင်ပိုင်ကျော်

ဘိုကလေးမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံ အခမဲ့ စက်ချုပ်သင်တန်း ဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းအား မေလ(၂၉)ရက်နေ့က စတင်၍  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဖွင့်လှစ်ခဲ့ရာ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်၌ သင်တန်းဆင်းပွဲ ကျင်းပဆောင်ရွက်သည်။

ဂမ္ဘီရ စိန္တာမယ ဆရာနန်းအောင်လှိုင်၏ စာအုပ်နှစ်အုပ် မိတ်ဆက်ပွဲ ကျင်းပ

ဂမ္ဘီရ စိန္တာမယ ဆရာနန်းအောင်လှိုင်၏ 'ဒေဝဝိဇ္ဇာရှင်အမေရေယဥ်နှင့် 'ပညာသည်တစ်ဦး၏ ဘဝခရီး စာအုပ်နှစ်အုပ် မိတ်ဆက်ပွဲကို ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ သိမ်ဖြူလမ်း သတင်းနှင့်စာနယ်ဇင်းရုံးရှိ ရွှေဥဒေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစာရေးဆရာ အသင်းဗဟို ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးထွန်း (မောင်စိမ်းနောင် - လယ်ဝေး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ - ကြို့ပင်ကောက်)၊ တွဲဖက်အတွင်းရေးမှူး (၃) ဦးအောင်ကြည် (အောင်ကြည်ညွန့် - တက္ကသိုလ်)နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

​​​​​​​တာချီလိတ်မြို့၌ နိုင်ငံခြားသားများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးက ကြီးမှူး၍ နိုင်ငံခြားသားများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို  ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီက တာချီလိတ်မြို့၊ 1G1 Hotel ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
Subscribe to