ဗဟန်း ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်စကားဝိုင်း၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဟောပြောပွဲအခမ်းအနားကိုကျင်းပခဲ့ရာ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်အေးအေးခိုင်၊ မြို့နယ်အမျိုးသမီးရေးရာအသင်းမှ အဖွဲ့ဝင်များ၊ စာရေးဆရာမ ပေါက်ပေါက်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာမ ပေါက်ပေါက်က အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရှိရသည်။
ထို့နောက် လူငယ်စကားဝိုင်းကို စတင်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး G-11 ကျောင်းသူမလဝန်းချိုက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-8 ကျောင်းသူ မအေးမြမြကျော် က လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-8 ကျောင်းသူ မမြတ်ဆုဧကရီက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-8 ကျောင်းသား မောင်ခွန်ဘဟိန်းက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-8 ကျောင်းသား မောင်ထက်မြင့်မြတ်ဖြိုးက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-8 ကျောင်းသူ မသုန်ပြည့်ပြည့်ခင်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်အေးအေးခိုင်၊ မြို့နယ်အမျိုးသမီးရေးရာအသင်းမှ အဖွဲ့ဝင်များ၊ စာရေးဆရာမ ပေါက်ပေါက်နှင့် ဆရာ၊ ဆရာမများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်အေးအေးခိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာမှ တာဝန်ရှိသူများက လူငယ်စကားဝိုင်း၌ ပါဝင်ဆွေးနွေးခဲ့ကြသူများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် စာရေးဆရာမပေါက်ပေါက်တို့အား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင် ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများအား ပြသပေးခဲ့ကြောင်း သိရှိရသည်။
ကျော်သူဟိန်း (ပြန်/ဆက်)