သဲကုန်းမြို့နယ်၌ မြို့နယ်ဂုဏ်ဆောင် နိုင်ငံတော်အဆင့်ဘက်စုံထူးချွန်သည့် (နှစ်ထပ်ကွပ်လူရည်ချွန်) အား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

သဲကုန်း မေ ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ နေပြည်တော်လူရည်ချွန်စခန်း လူရည်ချွန်စခန်းမှ ပြန်လည်ရောက်ရှိလာသော ၂၀၂၅ − ၂၀၂၆ ပညာသင်နှစ် နိုင်ငံတော်အဆင့်ဘက်စုံထူးချွန်သည့် သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိသုခရပ်ကွက်၊ ရန်ကုန် ပြည်လမ်းနေ အဖ ဦးစန်းယု၊ အမိ ဒေါ်အိအိမွန်တို့၏သားဖြစ်သူ မောင်ဇော်ရဲထွဋ် အခြေခံပညာအထက်တန်းကျောင်း (အင်းမ) Grade – 12 မှ (နှစ်ထပ်ကွမ်းလူရည်ချွန်) အား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့က အင်းမမြို့အဝင် မြို့ဦးဂိတ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလူရည်ချွန်အား အင်းမမြို့အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သူဝင်း၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်း (အင်းမ) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းမာလာနှင့် ဆရာ / ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား / ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိဘဆွေမျိုးများက လှိုက်လှဲစွာဖြင့် ဂုဏ်ပြုပန်းကုံး / ပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)