ဒေါပုံ မေ ၁၁
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဗမာအေးရပ်ကွက်အတွင်းရှိ နေအိမ်များအရောက် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမျိုးမြင့်ဟိန်း၊ ငှက်ဖျားမှူး(MA) ဦးဝင်းကိုဦးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဌာနမှူး ဒေါက်တာမျိုးမျိုးခိုင်နှင့်ကျန်းမာရေးဝန်ထမ်းများက ဗမာအေးရပ်ကွက်အတွင်းရှိ လမ်းများအလိုက် အဖွဲ့များခွဲ၍ နေအိမ်တစ်အိမ်ချင်းစီသို့ ကွင်းဆင်းကာ ပိုလောက်လန်းများရှိနိုင်သည့် ရေအိုး၊ ရေစည်၊ ရေခွက်များနှင့် ဘုရားပန်းအိုးများအတွင်းသို့ စစ်ဆေးကြည့်ရှုူခဲ့ကြပြီး ရေသုံးစွဲနေသည့် ရေအိုးနှင့်ရေစည်များအတွင်း အဘိတ်ဆေးများခပ်ခြင်းနှင့် ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)