ညောင်တုန်းမြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၁) လုံးအတွက်ထောက်ပံ့ငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၁) လုံးရှိ အိမ်ထောင်စုအား ယနေ့နံနက် ၁၀ နာရီက ဂန်ချောင်း ကျေးရွာအုပ်စု၊ မာယူချောင်းဖျားကျေးရွာ၌ ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။

မြင်းမူမြို့နယ်တွင် မဲစာရင်းပြင်ဆင်ခြင်းလုပ်ငန်း(၉၀) ရာခိုင်နှုန်းကျော်ပြီးစီး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ အပြည့်အဝ ဆန္ဒမဲပေးနိုင်ရေးနှင့် မဲပေးနိုင်သူပြည်သူများ မကျန်ရှိစေရေးအတွက် သတ်မှတ်ထားသည့် ပုံစံများဖြင့်ပြင်ဆင်ခြင်းလုပ်ငန်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ရေနံချောင်းမြို့နယ်ပြန်/ဆက်ဦးစီးဌာနသို့ နှာခေါင်းစည်း၊လက်အိတ်နှင့် လက်သန့်ဆေးရည်ဗူးများ လှူဒါန်း

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လူငယ်ရေးရာကော်မတီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ လက်အိတ်နှင့် လက်သန့် ဆေးရည်ဗူးများလှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်/ဆက်ရုံး၌ ပြုလုပ်ခဲ့သည်။

အင်္ဂပူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေး အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်

အင်္ဂပူမြို့နယ်၊ ညောင်ပင်တဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေး အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိ ပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲခန့်က အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို လူစည်ကားရာ ဈေးအနီးရှိ မြေစိုက်ပြဘုတ်ဖြင့် ပြသထား

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ‌အတွက် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ကျောက်မဲမြို့၊ ဗဟိုဈေးကြီးအနီးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက်ပြဘုတ်တွင် ဝေဝေဆာဆာ ပြသထားကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းပြီး၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ

အထက မိုင်းရယ်တွင် လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ကနီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ၏ စီးပွာရေးအပေါ် ထိခိုက်နစ်နာမှု သက်သာရေး စီမံချက်ဖြင့် ကျွဲ/နွားမွေးမြူရေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ၏ စီးပွားရေးအပေါ် ထိခိုက်နစ်နာမှု သက်သာရေးစီမံချက်အရ ဖွင့်လှစ်သော ကျွဲ/နွား မွေးမြူရေး သင်တန်းကို ကနီမြို့နယ် ချောင်းမကျေးရွာတွင် ယမန်နေနံနက်(၉)နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

မင်းကင်းမြို့ အခြေခံပညာအထက် တန်းကျောင်းဝန်းအတွင်း ကွန်ကရစ်လမ်းခင်းရန် အတွက် မြန်မာရွှေသဖူ ကုမ္ပဏီ မှ ငွေကျပ်(၁၅)သိန်းလှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်း ကွန်ကရစ် လမ်းခင်းရန်အတွက် မြန်မာရွှေသဖူ ကုမ္ပဏီမှ ငွေကျပ်(၁၅)သိန်း လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရ့သည်။
Subscribe to