ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို လူစည်ကားရာ ဈေးအနီးရှိ မြေစိုက်ပြဘုတ်ဖြင့် ပြသထား

ကျောက်မဲ     ဩဂုတ်  ၂၀  ရက်

 ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ‌အတွက် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ကျောက်မဲမြို့၊ ဗဟိုဈေးကြီးအနီးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက်ပြဘုတ်တွင် ဝေဝေဆာဆာ ပြသထားကြောင်း သိရသည်။

အဆိုပါမြေစိုက်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ နိုင်ရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ်က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး နေသည့် မှတ်တမ်းများ၊  ပြည်သူများ မကြာခဏမေးလေ့ရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊  မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမည့်အချိန်များ၊ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်များမပါရှိခြင်း၊ မပါဝင် သင့်သူများ ပါဝင်နေခြင်း၊ အချက်အလက်များမှားယွင်းနေခြင်းတို့ရှိပါက သတ်မှတ်ပုံစံများဖြင့် ပြန်လည်ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်ကြောင်း သိကောင်းစရာများကို ဖေါ်ပြ ထားကြောင်းသိရသည်။

ထို့အပြင် အဆိုပါပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှုများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်း ပြသထားကြောင်း သိရသည်။

                       

 

မိုင်းထွန်း(ပြန်/ဆက်)