မင်းကင်းမြို့ အခြေခံပညာအထက် တန်းကျောင်းဝန်းအတွင်း ကွန်ကရစ်လမ်းခင်းရန် အတွက် မြန်မာရွှေသဖူ ကုမ္ပဏီ မှ ငွေကျပ်(၁၅)သိန်းလှူဒါန်း

မင်းကင်း   သြဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်း ကွန်ကရစ်  လမ်းခင်းရန်အတွက်  မြန်မာရွှေသဖူ ကုမ္ပဏီမှ ငွေကျပ်(၁၅)သိန်း လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရ့သည်။

ရှေးဦးစွာ လမ်းအရှည်(၁၇၆)ပေ၊ အကျယ်(၉)ပေ၊ထု(၅) လက်မအတွက်ကုန်ကျမည့် ငွေကျပ်(၁၅)သိန်းကို မြန်မာရွှေသဖူ ကုမ္ပဏီကိုယ်စား ဒေါ်ခင်မွှေးလွင်က ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးသက်နွယ်မှလက်ခံခဲ့ပြီး  ဩဂုတ်လ (၂၁) ရက်နေ့မှ စတင်၍  ကွန်ကရစ် လမ်းခင်းခြင်းစတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လှငွေ(မင်းကင်း)