ကနီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ၏ စီးပွာရေးအပေါ် ထိခိုက်နစ်နာမှု သက်သာရေး စီမံချက်ဖြင့် ကျွဲ/နွားမွေးမြူရေး သင်တန်းဖွင့်လှစ်

ကနီ သြဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ၏ စီးပွားရေးအပေါ် ထိခိုက်နစ်နာမှု သက်သာရေးစီမံချက်အရ ဖွင့်လှစ်သော ကျွဲ/နွား မွေးမြူရေး သင်တန်းကို ကနီမြို့နယ် ချောင်းမကျေးရွာတွင် ယမန်နေနံနက်(၉)နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သက်ချက်များဖြေလျော့ပြီးနောက် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တိရိစ္ဆာန် ကျန်းမာရေး စောင့်ရှောက်မှုသင်တန်း မေထုန်မဲ့ သားစပ်သင်တန်းနှင့် တိရိစ္ဆာန် မွေးမြူ ထုတ်လုပ်မှု သင်တန်းအစရှိသော ပညာပေးသင်တန်းများကို ပို့ချသွားရန်နှင့် မွေးမြူသူ အချင်းချင်း ပညာပေးနိုင်မည့် အစီအစဥ်များကို ဖော်ဆောင်သွားရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို (၂၃) ကြိမ် ပို့ချရန်လျာထားပြီး သင်တန်း(၁)ကြိမ်လျှင် သင်တန်းသား (၂၀) ဦးနှင့် (၃) ရက်ဖွင့်လှစ်ပြီး ယခုအကြိမ်ဆိုလျှင် သင်တန်း (၁၆) ​ကြိမ်ထိ ဖွင့်လှစ်ဆောင်ရွက်ပြီးစီ းပြီဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရုံးမှ ဒေါက်တာသိန်းပွင့်ထံက သိရသည်။

ဆလိုင်း(ပြန်/ဆက်)