အထက မိုင်းရယ်တွင် လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်

မိုင်းရယ်    သြဂုတ်    ၂၀

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

 ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာလာက လူကုန်ကူးမှုအန္တရာယ်အတွင်း ကျရောက်လေ့ရှိ အဖြစ်အပျက်များ၊ ကျောင်းသား/ သူများအနေဖြင့် သတိထားသင့်သည့် အချက်များ၊ လူကုန်ကူးခံရသည့် ဖြစ်စဉ်များနှင့် ဆက်သွယ် တိုင်ကြားနိုင်သည့် နေရာများအကြောင်းကို ဟောပြောဆွေးနွေးသည်။

 အဆိုပါ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူများအနေဖြင့် လူကုန်ကူးခံရနိုင်သည့် အခြေအနေများအား သိရှိနိုင်ရန်နှင့် ၄င်းတို့ ရပ်ရွာအတွင်း လူကုန်ကူး ခံရပါက ဝိုင်းဝန်းကူညီ အသိပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး ဟောပြောခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာလာက ပြောကြားပါသည်။ ယင်းဟောပြောပွဲသို့ အထက မိုင်းရယ်ရှိ ဒသမတန်း ကျောင်းသား/သူများ စုစုပေါင်း (၇၀)ဉီးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်