ခန္တီး ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ကမ်းနားလမ်း ယာယီပျံကျဈေးတွင် ဈေးရောင်း ဈေးဝယ်သူများကို ပလပ်စတစ်ကင်းစင်ရေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် Mask ၆၄၇ ခုကို မြို့နယ် စည်ပင်သာယာ ရေးကော်မတီနှင့် ခရိုင်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အိမ်ပြင်ထွက်တိုင်း Mask တပ်ရန်နှင့် ပလပ်စတစ်အသုံးပြုမှုလျှေ့ချနိုင်ရေး ကိုယ်ပိုင်ဈေးဝယ်အိတ်၊ ခြင်း၊ တောင်းယူသွားခြင်း၊ တစ်ခါသုံးပိုက်နှင့်ဇွန်း၊ ခရင်းများကို အသုံးမပြုရန်၊ ပါဆယ်ယူလျှင် ကြွပ်ကြွပ် ပစတစ်အိတ်ဖြင့် ထုတ်ပိုးခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ရှားနိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)