အထက်မင်းလှ ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ သန့်ရှင်းသာယာလှပစေရန်၊ မိုးရာသီကာလ အတွင်းရေစီးရေလာ ကောင်းမွန်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန်နှင့် ခြင် ပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ တိုင်းဒေကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ပြည်တော်သာလမ်းတွင် အုတ်ရေမြောင်း နှင့် ရေမြောင်းအဖုံးဆောင်ရွက်နေမှုအား တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိတို့မှ ယမန်နေ့ နံနက်(၁၁)နာရီက ကွင်းဆင်းကြည့် ရှုစစ်ဆေးခဲ့ သည်။
အဆိုပါ တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံငွေဖြင့် မင်းလှမြို့ ပြည်တော်သာလမ်းတွင် ပြုလုပ် သည့် အုတ်ရေမြောင်းနှင့်ရေမြောင်းအဖုံးအလျား ၉၈၀ ပေ၊အနံ ၂ပေ၊ အကျယ် ၂ ပေရှိ ကွန်ကရစ်မြောင်း ဖုံးပါခွင့်ပြုရန်ပုံ ငွေကျပ်သန်း(၂၁.၀ )ဖြင့် ဆောင်ရွက်နေမှုများကို တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)