တွံတေး သြဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေလယ် ၁ နာရီခွဲက မြို့နယ်ပြည်သူ့ စာကြည့်တိုက်ရှိ လူထု အခြေပြုဗဟိုဌာန၌ ကျင်းပ ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဦးက လူကုန် ကူးမှု တားဆီး ကာကွယ်ရေး အသိပညာ ပေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်ဦးက လူကုန်ကူးမှုနှင့် ပတ်သက်၍ လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှုဖြစ်ပွားစေသော အကြောင်း အရာ များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုပုံစံများ၊ လူကုန် ကူးသူများ အသုံးပြုသော နည်းလမ်း များ၊ လူကုန်ကူးမှု နှင့် လူမှောင်ခိုမှုခြားနားချက်များ၊ အမျိုးသမီးများ တွေ့ကြုံရသည့် လူကုန်ကူးမှု အန္တရာယ်၊ လူကုန်ကူးခံရသူများကို လေ့လာရာတွင် အမျိုးသမီးနှင့် ကလေးသူငယ်များ ပါဝင်မှု ၈၅ ရာခိုင်နှုန်းရှိပြီး ကမ္ဘာပေါ်တွင် နှစ်စဉ်အမျိုးသမီးနှင့် ကလေးသူငယ်များ (၂.၅)သန်း ခန့် အထိ လူကုန်ကူး ခံနေရကြောင်း လူကုန်ကူးမှုသံသယရှိပါက ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များ ပြောကြားခဲ့ပြီး တက်ရောက် လာ သူများ သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူတို့က ပြန်လည်းဖြေကြားပေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသူများက လူကုန်ကူးမှု အသိပညာပေး ဗီနိုင်းပိုစတာနှင့် ဓာတ်ပုံများအား ကြည့်ရှုကြကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)