ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ COVID-19ကာလအတွင်း သတ်မှတ်စည်းကမ်းနှင့် အညီဖွင့်လှစ်ရောင်းချရေး ကြပ်မတ် စစ်ဆေး ပညာပေး ‌

ဆိပ်ကြီးခနောင်တို ဩဂုတ် ၂၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ  လ္ဘက်ရည်ဆိုင်နှင့်  စားသောက်ဆိုင်များအား COVID-19 ရောဂါကူးစက် ပျံ့နှံ့မှုမှ ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ  ဖွင့်လှစ်ရောင်းချရေး  လိုက်နာဆောင်ရွက်ခြင်း  ရှိ/မရှိအား ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်  အဆင့် COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်း ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌  ရပ်ကွက်(၉)ရပ်ကွက်ရှိပြီး COVID-19 ကူးစက်ရောဂါ ကာလအတွင်း  ယခင်က  စားသောက် ဆိုင်များအား ပါဆယ်ဝယ်ယူ စားသုံး စနစ်ဖြင့်သာ ရောင်းချခြင်း ခွင့်ပြုပေးခဲ့ပြီး  ယခုအခါ  နိုင်ငံတော်မှ  ပြည်သူများ အား စားဝတ်နေရေး အဆင်ပြေစေရေး အတွက် ဖြေလျော့ပေးသည့် အနေဖြင့် ဆိုင်ထိုင်စားသောက်ခြင်းများကိုပြန်လည် ခွင့်ပြုခဲ့သဖြင့်၊  စားသောက်ဆိုင်ပိုင်ရှင်များနှင့်   ဆိုင်တာဝန်ခံများ  အနေဖြင့်  COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် နိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  လမ်းညွှန်ချက်များနှင့်အညီ လက်ဆေး ဘေစင်များထားရှိခြင်းရှိ/မရှိ၊  စားပွဲခုံများတွင် Social Distancing အရ အကာအကွယ်ထားရှိခြင်း ရှိ/မရှိ၊  အစား အသောက်များပြင်ဆင်၊ ဝန်ဆောင်မှု ပေးသူများအနေဖြင့်  အကာအကွယ်  Mask များတပ်ဆင်ထားခြင်း  ရှိ/ မရှိ၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး  လမ်းညွှန်အသိပညာပေး  ပိုစတာများ ဆိုင်အတွင်း  ကပ်ထားခြင်း  ရှိ/ မရှိ နှင့်  စားသုံး သူ  ပြည်သူများအား  ဈေးနှုန်းမှန်ကန်စွာ ရောင်း ချ ခြင်း  ရှိ/ မရှိ တို့အား  ကြပ်မတ်  စစ်ဆေး ပညာပေး ခဲ့ကြောင်း  သိရသည်။

ဝေယံ (ဆိပ်ကြီးခနောင်တို)