မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် နှာခေါင်းစည်း(၂၅၀၀)အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ယ‌မန်‌နေ့ နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌‌ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်‌ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ဦးဆောင်၍ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုအတွင်းရှိ မင်္ဂလာဈေး၊ အမှတ်(၃)လမ်း၊ အောင်စည်း ခုံလမ်းနှင့် ကာယ(၁၂)လမ်းတို့ တွင် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့၌ Covid-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများလိုက်နာနေထိုင်ရေး လှည့်လည်နှိုးဆော်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ၊ ဖရူဆိုမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအား Covid-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများလိုက်နာ နေထိုင်ရေးအတွက် ယနေ့ညနေ ၇ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့တွင် Covid-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အသိပေးနှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပေး နှိုးဆော်ခြင်းနှင့် လူစည်ကားရာ နေရာများတွင် ပိုစတာများကပ်ခြင်း တို့ကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

မိုးညှင်းမြို့ အောင်သပြေရပ်ကွက်တွင် သစ္စာစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၀ကျော်အား နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိုးညှင်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများက နိုင်ငံသား စိစစ်ရေး ကတ်ပြား ၅၇ ခုအား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉​ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်​ရေးအတွက် နှာ​ခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရန် အသိပညာ​ပေးဆောင်ရွက်

ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေးအတွက် နှာ​ခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရန် အသိပညာ​ပေးခြင်းလုပ်ငန်း အရှိန်အဟုန်မပျက်​ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဖဒိုမြို့နယ် ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီအဖွဲ့သည် ပြည်သူများ နေအိမ်အပြင်ထွက်လျှင် (mask)များ မဖြစ်မ​နေ တပ်ဆင်ပြီး သွားလာကြရန် အသိပညာ​ပေးလုပ်ငန်းများ​ ဆောင်ရွက်ခဲ့သည်။

ပူတာအိုမြို့နယ် မန်စေခွန်ကျေးရွာ၌ စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများကွင်းဆင်းထုတ်ချေးပေး

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေခွန်ကျေးရွာအုပ်စု၊ မန်စေခွန်ကျေးရွာရှိ ဒေသခံ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် စွမ်းဆောင်ရည် မြှင့်မားလာစေရန်အတွက် စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေး ပေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာဘုန်းကြီး ကျောင်းဓမ္မာရုံ၌ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ဟုမ္မလင်းမြို့ ချင်းတွင်းတံတားထိပ်တွင် တပေဘူတ အရိပ်ရအပင်များ စိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ ချင်းတွင်းတံတားထိပ်ဘက် ကားလမ်းဘေးဝဲယားတွင် တပေဘူတ အရိပ်ရအပင်များကို ယမန်နေ့ နံနက်(၁၁)နာရီတွင် စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

ရွှေကျင်မြို့နယ်တွင် (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် မိုးစပါးမျိုးစေ့ ထုတ်တောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာလ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ စိုက်ပျိုးစရိတ်အတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက သရက်ချောင်း ကျေးရွာ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာရေးစခန်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

မိုင်းဖြတ်မြို့၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအား တာဝန်ရှိသူမှ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (Covid-19 Econmic Relief Plan) CERP ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ ၃နာရီခွဲ က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Subscribe to