ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ လွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် (၄၅) ဦးတို့ တက်ရောက်ကြသည်။

ဟိုပုံးမြို့နယ်တွင် မိုင်းပျဉ်းတိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ယာတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် ၂၀၁၈-၂၀၁၉ မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်(၆၃၈၃)သိန်းဖြင့် Shan Home Land ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူအကောင်ထည်ဖော် ဆောင်ရွက်သည့် မိုင်းပျဉ်းတိုက်နယ် ဆေးရုံနှင့် ဝန်ထမ်းအိမ်ယာတည်ဆောက်နေမှုအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ဆီဆိုင်မြို့နယ်၌ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက ဆီဆိုင်မြို့အဝင်ဂိတ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၁၁)ဉီးထပ်မံဝင်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၂၆ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၉)ဉီး နှင့် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က(၂)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၁)ဉီး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းကွင်းအနီးတွင် လူတစ်ဦးလာရောက် စွန့်ပစ် ထားမှုရှိကြောင်း သတင်းပေးမှုအပေါ် တာဝန်ရှိသူများက သွားရောက်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ ရထားရပ်ကွက်ရှိ အောင်ဆန်း ကွင်းအနီးတွင် ယနေ့နံနက် ၁၀ နာရီခန့်က လူတစ်ဦး လာရောက်စွန့်ပစ်ထားမှုရှိကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဝေါမြို့နယ်၊ မိုးစပါးစိုက်ခင်းများထဲသို့ ငါးခုံးမအကြီးကောင်ရေ (၁၅၀၀၀၀) ငါးမျိုးစိုက်ထည့်

ငါးသယံဇာတ တိုးပွားလာ‌စေရန်၊ ငါးမျိုးစိတ်များ ရေရှည်တည်တံ့စေရန်နှင့် ဒေသခံတောင်သူများ စပါးအပြင် ငါးမွေးမြုခြင်းဖြင့် ဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ငါးလုပ်ငန်း စခန်းမှ စီစဉ်ပေးမှုအရ မိုးစပါးစိုက်ခင်းများအတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်းကို

ကော့ကရိတ်မြို့နယ်၌ စား​သောက်ဆိုင်များကုန်စုံဆိုင်များ ကျန်းမာ​ရေးလမ်းညွှန်ချက်နှင့်အညီ​ရောင်းချခြင်း ရှိ၊ မရှိ စစ်​ဆေး

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား​သော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိကို ယမန်နေ့နံနက် ၈နာရီအချိန်က​ အထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ​ရေး၊ ကျန်းမာ​ရေး၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်​ရေးမှူးတို့က ကွင်းဆင်းစစ်ဆေး ​ဆောင်ရွက်ခဲ့​​ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေ‌ထွေရွေးကောက်ပွဲတွင် ဒလမြို့နယ်၌ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ မဲပေးနိုင်ရန် ဝှီးချဲများ ထားရှိပေးသွားမည်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ မှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ရည်ရွယ်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သီရိဇေယျနော်ရထာခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

သာစည်မြို့မဈေးကြီးတွင် နှာခေါင်းစည်းများဖြန့်ဝေပေးပြီး စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီက သာစည်မြို့မဈေးကြီးနှင့် ယာယီပျံကျဈေးတို၌ နှာခေါင်းစည်းများ ဖြန့်ဝေပေးပြီး စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လှည်းကူးမြို့တွင် နေအိမ်ပြင်ပထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသွားလာသူတိုင်း နှာခေါင်းစီး (Mask) တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီခွဲက လှည်းကူးမြို့မဈေးအတွင်း လူစည်ကားရာနေရာများ ဖြစ်သော ကားမှတ်တိုင်များ၊ ဆိုက်ကားဂိတ်များနှင့် ဈေးအဝင်/အထွက် အပေါက်နေရာများတွင် အဖွဲ့(၃)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to