ကျိုက်မ​ရော မြို့နယ်၌ Cash For Work အစီအစဉ်ဖြင့် ကုန်ထုတ်လမ်း​မြေသားဂဝံခင်းခြင်းလုပ်ငန်း​ဆောင်ရွက်မှု ကွင်းဆင်းစစ်​ဆေး

ကျိုက်မ​ရော သြဂုတ် ၂၇

မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်တွင် နိုင်ငံ​တော်၏ CERP အစီအစဉ်ဖြင့် ​​ကျေးလက်​နေပြည်သူများ ဝင်​ငွေရရှိ​စေရန် ​ကျေးရွာ ၁၃ ရွာ ၌ Cash for work စီမံကိန်းဖြင့်​ဆောင်ရွက်လျက်ရှိရာ  ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ ရန်ပုံ​ငွေဖြင့်​ဆောင်ရွက်ရန် လျာထားသည့် င​ပြေမ​​ကျေးရွာအုပ်စု၊ ကြခတ်ကုန်း​ကျေးရွာ ကုန်ထုတ်လမ်း​မြသားဂဝံခင်းခြင်းအရှည် (၅၄၀၀'×၁၄'×၁'၉") ရှိ ကုန်ထုတ်လမ်း​၏ လက်ရှိအ​ခြေအ​နေနှင့်လမ်း​ပေါ်၌ Box Culvert လိုအပ်မှုအ​​ခြေအ​နေတို့အား ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးပြည့်ဦးကိုကိုနှင့် ဝန်ထမ်းများက​ မြေပြင်ကွင်းဆင်း၍ တိုင်းတာ ကြည့်ရှုပြီး ဝါးပျံကုန်း​ကျေးရွာနှင့် မိကသစ်​​ကျေးရွာတို့၏ Cash For Work စီမံကိန်း​ဆောင်ရွက်​နေမှုအ​ခြေအ​နေများကို​ မြေပြင်ကွင်းဆင်း​ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ Cash For Work စီမံကိန်းကို ကျိုက်မ​​ရောမြို့နယ်တွင်  ​ကျေးရွာ ၁၃ ရွာတွင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၆.၈၅% အထိပြီးစီး​နေပြီးဖြစ်​ကြောင်း​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးပြည့်ဦးကိုကိုထံမှ သိရသည်။

ချိုချို(ပြန်/ဆက်)