ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲ​ပေးနိုင်​ရေး နိုင်ငံပြင်ပ​ရောက်ရှိ​နေ​သူများ၏ တောင်းခံလွာ​ပုံစံ(၁၅)များကို ရပ်​/​ကျေး ကော်မရှင်များမှ ပုံစံ (၁-၃)ဖြင့် ပြုစုနိုင်​ရေးအတွက် ပုံစံများဖြန့်​ဝေ​ပေး

ကျိုက်မ​ရော သြဂုတ် ၂၉

​မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ၇ရက်​နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုက​ရေစီ အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲ၌ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲ​ပေးနိုင်​ရေးအတွက် နိုင်ငံပြင်ပ​ရောက်ရှိ​နေသူများ၏ တောင်းခံလွှာ ပုံစံ(၁၅)များကို ရပ်ကွက်/​ကျေးရွာ​ကော်မရှင် အဖွဲ့ခွဲဝင်များမှ ပုံစံ(၁-၃)ဖြင့်ပြုစုနိုင်​ရေး ပုံစံများ​​ပေးအပ်ပွဲကို ယ​နေ့နံနက်၁၀နာရီက အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊အစည်းအ​ဝေးခန်းမ၌ပြုလုပ်သည်။

​ကျိုက်မ​ရောမြို့နယ်​ ရွေး​ကောက်ပွဲ ​ကော်မရှင်အဖွဲ့ခွဲ အတွင်း​ရေးမှူး ​ဒေါ်အိသဲလင်းက အမှာစကား​ပြောကြားရာတွင် မဲဆန္ဒနယ် ပြင်ပရောက်ပြည်သူများ၏ ပုံစံ(၁၅)ဖြင့်​လျှောက်ထားလာသည့် မဲဆန္ဒရှင်ဦးရေမှာ တစ်​ထောင်  ​ကျော်ရှိသဖြင့် ရပ်/​ကျေး ​​ကော်မရှင် အဖွဲ့ခွဲအတွင်း​ရေးမှူးများမှ မိမိမဲဆန္ဒနယ်​မြေအတွင်းရှိ စာရင်းများကို အထူးဂရုစိုက်​ဆောင်ရွက်​ပေးကြရန် ​နှင့်ဆောင်ရွက်ရမည့်ပုံစံများကိုရှင်းလင်း ​ဆွေး​နွေးခဲ့သည်။

ထို့​နောက် ဒုမြို့နယ် အုပ်ချုပ်​ရေးမှူး ဦးဘုန်းမြင့်နိုင်က ရပ်/​ကျေး​ ​ကော်မရှင် အတွင်း​ရေးမှူးများအား မဲ​ဆန္ဒနယ် ပြင်ပ​ရောက်သူများ၏ ကြိုတင် မဲကိစ္စရပ်များ နှင့် ပတ်သက်၍ ရှင်းလင်း​ဆွေး​နွေးကာ ပုံစံ(၁-၃)များကို​ သက်ဆိုင်ရာ ​ရပ်​/ကျေး​ ​ကော်မရှင်အတွင်း​ရေးမှူး များထံ​ပေးအပ်ခဲ့​ကြောင်းသိရသည်။

ချိုချို (  ပြန်/ ဆက်)