ဖားကန့်၌ မသန်စွမ်းသူများအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အကူပြုပစ္စည်းကိရိယာများ ထောက်ပံ့
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါ၊ မကာပင်၊ ဆပ်ပြာချောင်းတို့မှ မသန်စွမ်းသူ(အသစ်)များအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မသန်စွမ်းသူများပြန်လည်ထူထောင် ရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကူပြုပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။