ကျောက်တန်းမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်

ကျောက်တန်း     စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် :၃၀ နာရီက မြို့မဈေး၊ ၃၃ ကားဂိတ်၊ ၉၅ ကားဂိတ်၊ရေလယ်ဘုရားရှေ့၊ ကျောက်တံတားဇက်ဆိပ်နှင့် ညောင်ဝိုင်း ကျေးရွာတို့တွင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဌေးနှင့် ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့များက ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်းကူးစက်မှုများ များပြားလာခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်ပြင်ပသို့ ထွက်ခွါတိုင်း  Mask တပ်ဆင်ရေး၊ မဖြစ်မနေသွားလာရမည်ဆိုပါက မိသားစုတစ်စုလျှင် ()ဦးသာ သွားလာစေရေး၊ လူစုလူဝေးရှိသော နေရာများကို တတ်နိုင်သ၍ ရှောင်ကျဉ်ရေး၊ အပြင်မှပြန်လာတိုင်း၊ အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်သန့်ဆေး(သို့မဟုတ်) ဆပ်ပြာဖြင့် လက်ကိုစနစ်တကျဆေးကြောရန်တို့ကို အသိပညာပေးပြီး Mask တပ်ဆင်အသုံးပြုခြင်း မရှိသူများကို အခုဝယ် အခုတပ် စနစ်ဖြင့် တပ်ဆင်အသုံးပြုရေးတို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထို့နောက် ပူးပေါင်းအဖွဲ့များသည် မြို့မဈေးအတွင်း ဈေးအရောင်းဆိုင်များနှင့် စားသောက်ဆိုင်များ ညွှန်ကြားချက်နှင့်အညီရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး နောက်ရက်တွေမှာလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။          

ခင်ဆွေဝင်း  (ကျောက်တန်း)