ရန်ကုန် စက်တင်ဘာ ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံး ရှုံးစေရေး အတွက် မှတ်ပုံတင် မရှိသေး သူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ရန်ကင်း မြို့နယ် အမှတ် (၈) ရပ်ကွက် ၊ နှင်းဆီလမ်း သာသနာ့ဂုဏ်ဆောင်ဓမ္မာရုံ တွင် ကွင်းဆင်း ဆောင် ရွက်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းမောင် နှင့် ဝန်ထမ်းများ က ရန်ကင်းမြို့နယ်အတွင်းရှိ အသက် (၁၈) နှစ် ပြည့်ပြီး သူများထဲမှ မှတ်ပုံတင်မရှိသူများ၊ အသက် (၁၈) နှစ်ပြည့် လဲလှယ်မည့်သူများ၊ မှတ်ပုံတင်ပျက်စီးသူများ အား သတ်မှတ်ချက်နှင့် ပြည့်စုံပါက ဆောင်ရွက် ပေးနိုင်ရန်အတွက် သေချာစွာစိစစ်၍ ဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက်လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာကာ လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် Social Distancing ဖြင့် စနစ် တကျ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် တာဝန်ရှိသူများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က လိုအပ်သည်များ ကူညီ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)