ဖား​ဆောင်းမြို့ နန်းကစ်​ကျေးရွာ၌ အိမ်​မွေးတိရစ္ဆာန် အ​ခြေခံ​မွေးမြူ​ရေးသင်တန်းဖွင့်

ဖား​ဆောင်း စက်တင်ဘာ ၇

စိုက်ပျိုး​ရေး​၊ မွေးမြူ​ရေးနှင့်ဆည်​မြောင်း​ဝန်ကြီးဌာန၊​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန ဖား​ဆောင်း မြို့နယ်ရုံးမှ အိမ်​မွေးတိရစ္ဆာန် အ​ခြေခံ​မွေးမြူ​ရေးသင်တန်းကို ယမန်​​နေ့က နန်းကစ်​ကျေးရွာ ခန်းမ​ဆောင်၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းတွင်  ​ဘောလခဲခရိုင်၊​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန၊ လက်​ထောက်ညွှန်ကြား​ရေးမှူး ဒေါက်တာဝင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ တိရစ္ဆာန်မှ လူသို့ကူးစက်တတ်​သော ​ရောဂါများ မည်သို့ကြိုတင်ကာကွယ်ရမည်ကို သိရှိ​စေရန်၊​ မွေးမြူ​ရေးနည်းပညာသစ်များ ရရှိ​စေရန်၊​မွေးမြူ​ရေးနည်းပညာသစ်များ အသုံးချ​မွေးမြူခြင်းဖြင့် မိသားစုဝင်​ငွေ တိုးပွားလာ​စေရန်ဖြစ်​ကြောင်း​ပြောကြားခဲ့သည်။ ဆက်လက်၍ ဖား​ဆောင်းမြို့နယ်၊ ​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ​​ဒေါက်တာ​ဇော်မြင့်​အောင်က ဝက်​မွေးမြူ​ရေးနှင့် ပတ်သက်​သော အ​ခြေခံ​မွေးမြူ​ရေးဆိုင်ရာများကို လည်း​ကောင်း၊ အိမ်​မွေးတိရစ္ဆာန်များ မွေးမြူရာတွင် ​ဆောင်ရန်/​ရှောင်ရန်များကိုလည်း​ကောင်း၊ အသား စားနွားနှင့် နို့စားနွားမွေးမြူမည်ဆိုပါက သိသင့်သိထိုက်သည့် အ​ခြေခံ​မွေးမြူ​ရေးဆိုင်ရာ သိ​ကောင်းစရာ များကိုလည်း​ကောင်း အကျယ်တဝင့် ရှင်းလင်း​​​​ပြောကြားခဲ့သည်။

ထို့​နောက် သင်တန်းကို ဆက်လက်ပို့ချခဲ့ရာ သင်တန်းတက်​ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့မှုအ​ပေါ် တာဝန်ရှိသူများက ပြန်လည်​ဖြေကြားခဲ့​သည်။ သင်တန်းကို သင်တန်းသား/သူ (၂၅)ဦး တက်​ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁)ရက်ဖြစ်​ကြောင်းနှင့် ​မွေးမြူ​ရေးဆိုင်ရာ သိ​ကောင်း စရာ အသိပညာ​ပေးလက်ကမ်းစာ​စောင်များကိုလည်း ဖြန့်​ဝေခဲ့​​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)