မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများ လာရောက်လှူဒါန်း

မြောက်ဥက္ကလာပ စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်တာဆီးရေးလုပ်ငန်းများတွင်  အသုံးပြုနိုင်ရန်အတွက် အလှူငွေများကို ယမန်နေ့ ညနေပိုင်းက ရွှေပေါက်ကံမြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ရွှေပေါက်ကံစက်မှုဇုန်မှ ဦးစိန်မျိုးအောင်၊ ဒေါ်တင်တင်ရှိန် မိသားစု (ပလတ်စတစ်ခြင်းလုံးလုပ်ငန်း)မှ ငွေကျပ်သိန်း(၅၀)အား လှူဒါန်းရာ ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးနိုင်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်သည် မြို့နယ်အတွင်း လူဦးရေအများဆုံး နေထိုင်သည့် ရပ်ကွက်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ Mask Campaign များကို လူစည်းကားသည့် ဈေးများ၊ လမ်းဆုံများတွင် မကြာခဏ ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်မှ ပြန်လည်ရောက်ရှိသူများအား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ Quarantine Centerများသို့ ချိတ်ဆက်ပို့ဆောင်လျက်ရှိကြောင်းနှင့် အလှူရှင်များမှ လှူဒါန်းသည့် အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို  ပြည်သူများအတွက် အကျိုးရှိစွာ အသုံးပြုလျက်ရှိကြောင်း ရွေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မြမြဝင်း (ပြန်/ဆက်)