ကျွန်းလှမြို့နယ်၌ ဖီးကြမ်းငှက်ပျော ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများလာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး ငှက်ပျောမျိုးစုံစိုက်ပျိုးကြရာ ဖီးကြမ်းငှက်ပျော ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကန့်ဘလူမြို့၌ အဆင့်မြင့်လူသုံးကုန်(ဆပ်ပြာခဲ) အမျိုးမျိုးပြုလုပ်နည်း သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်​ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်လူသုံးကုန် (ဆပ်ပြာခဲ)အမျိုးအးမျိုးပြုလုပ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်တွင်  ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

ဥတုရာသီ  ဂေဟစနစ်ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်၀န်းကျင်စိမ်းလန်းစိုပြည် သာယာစေရန်ရည်ရွယ်၍ Green Challenge Association မှ ဥက္ကဋ္ဌ ဦးအောင်မျိုးပိုင် ဦးဆောင်၍ Greenery Group(Pyin Oo Lwin)နှင့် မြန်မာစာပေယဥ်‌ကျေးမှု အသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်း တို့ပူးပေါင်းကာ ၂၀၂၅ ခုနှစ်မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်ဂနိုင်ရွာဦး‌ကျောင်း၊ ဓမ္မသဟာယ သာသနာ့စင်တာနှင့် ဒိုးပင်အောင်ကံသာ ပရဟိတကျောင်းတို့တွင် ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်‌ကျွေးပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှ မြို့ပေါ်(၆)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များအား ယနေ့နံနက် ၉ နာရီက  စတင်ပြီးလစဉ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်‌ကျွေးပေးခြင်းကို အဆိုပါမိခင်နှင့် ကလေးကျန်းမာရေးဌာန ရုံးခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကျောင်းကုန်းမြို့၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ ဒါးကမြစ်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ် ပြည်သူ့စာကြည့်တိုက်ကလေးများ ဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေးအတွက် ပုံပြင်ပြောခြင်း အစီအစဉ်ဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကလေးများ ဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းအတွင်း ကလေးများအား ပုံပြင်ပြောခြင်း အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့ အာနန္ဒာဘုရားကြီး တောင်ဘက်မုခ် အမိုးမျက်နှာကျက်ရွှေမိုက်ထုတ်ခြင်း ဆောင်ရွက်မည့်လုပ်ငန်းနှင့်ဘုရားအမှတ် ၁၅၂၄ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး တောင်ဘက်မုခ်အမိုးမျက်နှာကျက် ရွှေမိုက်ထုတ်ခြင်းလုပ်ငန်းနှင့်ရှေးဟောင်းသုတေသ နနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)က ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရွက်လျက်ရှိသည့် ဘုရားအမှတ် ၁၅၂၄ တို့အား ယနေ့နံနက် ၁၀ နာရီက ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

တံတားမြို့၌ ဒဿမအကြိမ်မြောက် ဓမ္မစကူးလ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ အမှတ်(၁)ရပ်ကွက်၊ သုံးလောကထွဋ်ခေါင်မာန်အောင်ရတနာဘုရားကြီးအတွင်း၌ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ဒဿမအကြိမ်မြောက် ဓမ္မစကူးလ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)ရပ်ကွက်၊ တကောင်းလမ်းတွင် ယမန်နေ့ ည(၁၈:၁၀)အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဘုတလင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ရုံးဝန်းအတွင်းရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to