ညောင်ဦး ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး တောင်ဘက်မုခ်အမိုးမျက်နှာကျက် ရွှေမိုက်ထုတ်ခြင်းလုပ်ငန်းနှင့်ရှေးဟောင်းသုတေသ နနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)က ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရွက်လျက်ရှိသည့် ဘုရားအမှတ် ၁၅၂၄ တို့အား ယနေ့နံနက် ၁၀ နာရီက ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများလိုက်ပါလျက် အာနန္ဒာဘုရားကြီး၏ အနောက်ဘက်နှင့် မြောက်ဘက်အာရုံခံတန်ဆောင်း ဘေးဝဲ၊ ယာတို၌ ရောင်းချလျက်ရှိသည့် ဈေးဆိုင်ခန်းများအား ဘုရားကြီး၏ ပြင်ပ(သို့မဟုတ်) ဘုရားကြီး၏ အနောက်ဘက်၊ တောင်ဘက်နှင် မြောက်ဘက်အာရုံခံတန်ဆောင်း ဘေးတစ်ဖက်၌သာ ရောင်းချနိုင်ရေးအတွက် နေရာချ နိုင်ရေးနှင့်စပ်လျဉ်း၍ သွားရောက်ကြည့်ရှုစစ်ဆေးခြင်းနှင့် အာနန္ဒာဘုရားကြီး၏ တောင်ဘက်အာရုံခံတန်ဆောင်းအတွင်းရှိ အမိုးခုံးအား ရွှေမိုက်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေအား ကြည့်ရှုစစ်ဆေးခြင်းနှင့်အာနန္ဒာဘုရားကြီးတောင် ဘက်အာရုံခံ တန်ဆောင်းမျက်နှာကျက်အား သစ္စေသုတ်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဈေးဆိုင်ခန်းများအား စနစ်တကျနေရာချထားနိုင်ရေးအတွက် ယာယီဈေးဆိုင်ခန်းများ ဆောက်လုပ်ရန်လျာထားသည့် ဘုရားကြီး၏ မြောက်ဘက်တံတိုင်းပြင်ပ၌ ရှေးဟောင်းသုတသနနှင့်အမျိုး သားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၏ ကြီးကြပ်မှုဖြင့် ၎င်းနေရာအား HIA စစ်ဆေးခဲ့ပြီး စမ်းသပ်တူးဖော် သုတေသနပြုခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ရှေးဟောင်းဆိုင်ရာအထောက်အထားများ တွေ့ရှိခဲ့သည့်တူး ဖော်နေရာများအားကြည့်ရှုစစ်ဆေးသည်။ ဘုရားအမှတ် (၁၅၁၂)မြေပုံသာ ဘုရားလှသို့ သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ကြပြီးနောက် ဘုရားအမှတ်(၁၅၂၄)အား ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၏ ကြီးကြပ်မှုဖြင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း