နတ်မောက် မြို့မဈေးအတွင်းရှိ ဆိုင်ခန်းရှင်များ ကျုးကျော်တည်ခင်းရောင်းချမှုရှိ/မရှိ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်းရှိ ဆိုင်ခန်းရှင်များ ကျူးကျော်တည်ခင်းရောင်းချမှုရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဌာနဆိုင်ရာများ စုပေါင်း၍ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယိုကလစ်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူး (စကု) မြို့နယ်၌ ယခုနှစ်မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် လျာထားစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ဒေသတွင်း ဆန်၊ စပါး ဖူလုံပေါများစေရန် မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အမရပူရမြို့နယ်တွင် သမဝါယမအသင်းသားများအား မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးစိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာ၊ သာလှအေး (စိုက်/ထွေ) သမဝါယမအသင်းနှင့် အောင်မြင့်မြတ် (စိုက်/ထွေ) သမဝါယမအသင်း နှစ်သင်း၏ အသင်းသားတောင်သူ ၂၆ ဦးတို့စိုက်ဧက ၁၁၀ ဧကအတွက် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့် တန်ဖိုးကျပ် သိန်း ၂၂၀ နှင့်ညီမျှသော သွင်းအားစုများကို အမရပူရမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်လေးက သာလှအေးသမဝါယမအသင်းစုဥက္ကဋ္ဌ နေအိမ်၌ သြဂုတ်လ ၁ ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စနစ်တကျအမှိုက်စွန့်ပစ်ရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် အမှိုက်စနစ်တကျစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လူမှုကယ်ဆယ်ရေးအဖွဲ့များမှ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရန်အတွက် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနရုံးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

သံတောင်ကြီးဒေသထွက် မင်းကွတ်သီးများ လှိုင်လှိုင်ထွက်ရှိချိန်တွင်ဈေးနှုန်းအနည်းငယ်ကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သော နှစ်ရှည်ပင်များကို  အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မင်းကွတ်သီးပင်များကို  နှစ်ရှည်ခံပင်များ နှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်  စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။  မင်းကွတ်ပင်များသည်   စိုက်ပျိုးပြီး (၉)နှစ်ခန့်တွင် အသီးများ စတင်သီးပြီး မိုးဦးကာလဖြစ်သော မေလမှ  သြဂုတ်လအထိ  အသီးသီးကာ အပင်ငယ်တစ်ပင်လျှင် အသီးအလုံးရေ (၁၀၀ မှ ၃၀၀)လုံးအထိလည်းကောင်း၊  အပင်ကြီး တစ်ပင်လျှင် အသီးအလုံးရေ  (၄၀၀ မှ၈၀၀) လုံးအထိ အသီးရှိသည်။ သံတောင်ကြီးဒေသထွက်မင်းကွတ်သီးများယခု လှိုင်လှိုင်ထွက်ရှိချိန်တွင်ဈေးနှုန်း အနည်းငယ်ကျဆင်းကြောင်းသိရသည်။

တံတားဦးမြို့နယ်တွင် မိုးစပါးများအောင်မြင်ရေးနှင့် အထွက်နှုန်းရာနှုန်းပြည့် စိုက်ပျိုးပြီးစီးရေး ကွင်းဆင်းဆောင်ရွက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးထားသော မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးစပါးများအောင်မြင်ရေးနှင့် အထွက်နှုန်းကောင်မွန်ရေးနှင့် ရာနှုပြည့်စိုက်ပျိုး ပြီးစီးရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ကန့်ဘလူမြို့ ဆုကိုယ်ပိုင်အထက်တန်းအဆင့်စာသင်ကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ ဆုကိုယ်ပိုင်အထက်တန်းအဆင့်စာသင်ကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁ ရက် နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင်း၌ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများဆယ်ယူရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေး၊ မြို့တွင်း၌ ရေဆိုးရေညစ်များ ကိန်းဝပ်နေပြီး ခြင်ပေါက်ဖွားမှု မရှိစေရေး၊ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သောရောဂါများ မဖြစ်ပွားစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ(၃)နာရီအချိန်၌ ဘိုကလေးမြို့၊ မြို့မ(၃)ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတစ်လျှောက်တွင် ရေမြောင်းတူးဖော်ခြင်း၊ မြောင်းအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to