ကျိုက်လတ်၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မုဒုံမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့် Biometric အချက်အလက်များ ကောက်ယူခြင်း ဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်း၊ Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက ကမာဝက်မြို့ရှိ ခြင်္သေ့ကျောင်းဓမ္မာရုံး၌ ဆောင်ရွက်ပေးသည်။

ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ် အသုံးပြုနည်းဆိုင်ရာ(ပထမအကြိမ်)ဆင့်ပွားသင်တန်း‌ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ (ပထမအကြိမ်)ဆင့်ပွားသင်တန်း‌ ကို ကော့သောင်းမြို့၊ အ-ထ-က(ခွဲ)၊ အ-လ-က(၂)ကျောင်းတွင် ဩဂုတ်လ(၃)ရက်နေ့မှ(၄)ရက်နေ့ထိ (၂)ရက်တာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

ပခုက္ကူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ (၁) ခန်းမတွင် ကျင်းပပြုလုပ်သည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် အထက်တန်းကျောင်းခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်လူကုန်ကူးမှုတားဆီးကာကွယ်တိုင်ဖျက်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

အောင်လံမြို့၌ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အောင်လံမြို့၊ ကုသိနာရုံဘုရားကွင်း၌ ကျင်းပခဲ့သည်။

ကော့‌သောင်းမြို့တွင် ခရိုင်အဆင့်ရှာဖွေကယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်မီးသတ် ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခန့်က ကော့သောင်းခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ သ‌န္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်းနှင့် ပရဟိတအသင်းများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း မိုးသီးနှံလျာထားဧက ပြည့်မီရေး၊ တစ်နှစ် သုံးသီးစား စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မိုးသီးနှံလျာထားဧကပြည့်မီရေး၊ တစ်နှစ် သုံးသီးစားစိုက်ပျိုးနိုင်ရေး  ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community-Centre) ခန်းမတွင် ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Communtiy Centre) ခန်းမတွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (အကြို)  ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

အခြေခံပညာကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည် မြင့်မားလာစေရန်၊ လူထုပရိတ်သတ်ရှေ့ ပြောဆိုဆွေးနွေးတတ်စေရန်၊ စာပေဖတ်ရှူ၍ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်ခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Communtiy Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (အကြို) ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to