၂၀၂၅ ခုနှစ်၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီ(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ 

ပြင်ဦးလွင်  ဩဂုတ်၇   

၂၀၂၅ ခုနှစ်၊  ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား  ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီ(အမျိုးသား)  ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို  ယမန်နေ့ ညနေ ၃ နာရီက ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

အဆိုပါ  ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီ (အမျိုးသား) ဘောလုံးပြိုင်ပွဲကို  ဇူလိုင် ၁၄ ရက် မှ  ဩဂုတ် ၆ ရက်အထိ   ပြိုင်ပွဲဝင်အသင်း ၃၀ ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်လုပွဲတွင် ပဒေသာရပ်ကွက်အသင်းနှင့် ပင်လိန်ကျေးရွာအုပ်စုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပင်လိန်ကျေးရွာ အုပ်စု အသင်းမှ အနိုင်ရရှိသည်။  

ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ တာဝန်ရှိသူများမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အကောင်းဆုံးကစားသမားဆု ရရှိသူတို့အား ဆုတံဆိပ်များ၊ ဂုဏ်ပြုငွေများ၊ ဆုဖလားများးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)