ရွှေပြည်သာမြို့နယ်၌ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ  ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် အသက်(၂)လမှ (၁)နှစ်ခွဲကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့်  ရောဂါဘယကင်းရှင်းစေရန်ရည်ရွယ်၍ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကိုလစဥ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အသက်(၂)လမှ (၁)နှစ်ခွဲကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံနှင့်စုရပ်အသီးသီးတို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။

ရွှေပြည်သာမြို့နယ် စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှုနှင့် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး "လူငယ်စကားဝိုင်း"၊ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ပုံ‌ပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ-လ-က(၈) ခန်းမ၌ ဩဂုတ်လ (၇) ရက် နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ စဝ်စံထွန်းဆေးရုံနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတို့မှ အထူးကုကွင်းဆင်းဆေးကုသမှု ကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ စဝ်စံထွန်းဆေးရုံနှင့် အမျိုး သမီးနှင့် ကလေးဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့မှ အထူးကုကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက စံဖူးကျေးရွာအုပ်စု၊ စံဖူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်များနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပန်းအလှပင်များ၊ အရိပ်ရပင်များ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ချောက်မြို့၊ အမှတ်(၄) အခြခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး‌ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်ကို အသုံးပြု၍ စာဖတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ရရှိပြီး မိမိဖတ်ရှုသည့်စာအုပ်အပေါ် ပြန်လည်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အ.ထ.က(၄) အေးစေတီကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ် မြင်းပျံသမဝါယမအသင်း အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ မြင်းပျံရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း(မင်္ဂလာဒုံ)၌ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းအခမ်းအနား ကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ် ၈ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် ကျင်းပသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊  သင်္ဃန်းကျွန်းမြို့နယ်တွင်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယာယီနေရပ်စွန့်ခွာနေရသည့်ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက်(၉)နာရီအချိန်က စံပြရပ်ကွက်၊ ရန်မျိုးအောင်ဘုရား မဟာဓမ္မပါလဓမ္မာရုံနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအသီးသီး၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ယှဉ်ပြိုင်နိုင်ရေး ဖြူးမြို့နယ်တွင် လေ့ကျင့်သင်ကြား

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့မှ ဖြူးမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ  ကျောင်းသူအမျိုးသမီးငယ်များအား အဆိုပါကျောင်း ရာပြည့်ခန်းမ၌ (၃)ပတ်ကျော်ကာလအတွင်း နေ့စဉ်နံနက်ပိုင်းများတွင် လေ့ကျင့်သင်ကြားပေးနေလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

တိုက်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဩဂုတ် ၈ ရက် မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Subscribe to