ချောက်မြို့၊ အမှတ်(၄) အခြခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး‌ ဆောင်ရွက်

ချောက် ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်ကို အသုံးပြု၍ စာဖတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ရရှိပြီး မိမိဖတ်ရှုသည့်စာအုပ်အပေါ် ပြန်လည်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အ.ထ.က(၄) အေးစေတီကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး‌လှုပ်ရှားမှု ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာ့အလင်းသတင်းစာပါ မောင်ကမ္ဘာရေးသားထားသော “ငယ်စဥ်အခါမှာပညာရှာပါ” ဆောင်းပါးအား ကျောင်းသား၊ ကျောင်းသူ(၅)ဦးက တစ်ဦးချင်း ဖတ်ကြား၍ ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆု‌ငွေများ‌ ပေးအပ်ချီးမြင့်ခဲ့‌ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယိုပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၆၀ ဦး တက်ရောက်ခဲ့သည်။

မြို့နယ် (ပြန်/ဆက်)