ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ခရိုင်အဆင့်ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒဂုံမြို့သစ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ဒဂုံမြို့သစ်ခရိုင်အမျိုးသမီးရာအဖွဲ့နှင့် ဒဂုံမြို့သစ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်မှုအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်(၃၈)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး T.T.O ငွေရတုမင်္ဂလာခန်းမ၌  ကျင်းပသည်။

မြောက်ဥက္ကလာပမြို့နယ်၌ မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး‌‌ကျင်းပသော မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားကို ဩဂုတ်လ ၈ ရက်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများအား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ရန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှပေးအပ်သော ‌တတိယအကြိမ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

တာမွေမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိရပ်ကွက်များ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်ဦးဆောင်သည့်အဖွဲ့မှ မြို့နယ်အတွင်းနေထိုင်ကြသော နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးရရှိနိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစျေးနှုန်းများ အဆမတန်မြင့်တက်ရောင်းချမှုမရှိစေရေး ကြပ်မတ်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း   အိမ်ဆောက်ပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစျေးနှုန်းများ အဆမတန်မြင့်တက်မှုမရှိစေရေး ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သရက်အုပ် ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းကို ဩဂုတ် ၉ ရက်၊ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)တွင် ကျင်းပသည်။

သံဖြူဇရပ်မြို့နယ်၌ ​နယ်​မြေ​အေးချမ်းတည်ငြိမ်​​ရေးနှင့် ဒေသဖွံဖြိုး​ရေး​စေ​ရေး ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ ရန်အောင်မြေရပ်ကွက်၊ မေဓါဝံသ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မှုခင်းမှတ်တမ်းဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူးရေးနှင့်ကုသ​ရေးဦးစီးဌာနနှင့် မြို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူး​ရေးလုပ်ငန်မှ တာဝန်ရှိသူများပူး​ပေါင်း၍ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက် ဟောပြောခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများနှင့်သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးဝါးကြီးကြပ်ကော်မတီမှ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများနှင့် သက်တမ်းလွန် တိုင်းရင်းဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ကလောမြို့နယ်၌ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ကလောမြို့နယ်၊‌ ဘော်နင်း‌ကျေးရွာအုပ်စု၊ ညောင်ခါးရှည်ကျေးရွာတွင် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက တာဝန်ရှိသူများက ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to