မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ယှဉ်ပြိုင်နိုင်ရေး ဖြူးမြို့နယ်တွင် လေ့ကျင့်သင်ကြား

ဖြူး သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့မှ ဖြူးမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ  ကျောင်းသူအမျိုးသမီးငယ်များအား အဆိုပါကျောင်း ရာပြည့်ခန်းမ၌ (၃)ပတ်ကျော်ကာလအတွင်း နေ့စဉ်နံနက်ပိုင်းများတွင် လေ့ကျင့်သင်ကြားပေးနေလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ဖြူးမြို့နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲအသင်းသည် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကဖလား မြို့နယ်ပေါင်းစုံပြိုင်ပွဲကို (၁၉-၈-၂၀၂၅) ရက်နေ့မှ (၂၂-၈-၂၀၂၅)ရက်နေ့အထိ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ထူးချွန်စွာယှဉ်ပြိုင်နိုင်ပါက ရန်ကုန်တိုင်းဒေသကြီးတွင် ဆက်လက်ကျင်းပမည့် (၂၈)ကြိမ်မြောက် တိုင်းဒေသကြီး၊ ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲတွင် ဆက်လက်ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)