မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များ ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့ နံနက်(၁၀) နာရီက နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။