ပေါင်မြို့နယ်(အ.ထ.က)မုတ္တမကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက်ဆိုင်ရာနှင့်ဥပဒေရေးရာဆိုင်ရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.ထ.က)မုတ္တမကျောင်း၌ ဩဂုတ်လ ၈ ရက်နေ့က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်နှင့်ဥပဒေရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်ဇော်ဦး၊ ဒုတိယဥပဒေအရာရှိဒေါ်သီသီဟန်၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှရဲအုပ်နိုင်ထွန်း၊ အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စု သထုံမှရဲအုပ်နေဝင်းဌေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးဦးပိုင်သူကျော်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။