ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ တောင်သူများ စပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးရည်ရွယ်၍ စမ်းသပ်စိုက်ပျိုးထားသည့် ဒေသမျိုးရင်း ပေါ်ဆန်း (၁၁)မျိုး ယှဥ်ပြိုင်စမ်းသပ်ကွက်အား ယနေ့နေ့လယ် (၁၂) နာရီက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကြည့်ရှု့စစ်ဆေးခဲ့ပြီး စျေးကွက်ဝယ်လိုအားရှိပြီး ဆန်အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဒေသမျိုးရင်းဖြစ်သည့် ပေါ်ဆန်းစပါးမျိုးစေ့ထုတ်ဧကများ ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးထုတ်လုပ်၍ ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။