အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် မကူးစက်နိုင်သော ရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့ နံနက်(၉) နာရီက မြန်မာ့စီးပွားရေးဘဏ် (အင်းစိန်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေးစီမံချက် (Mask Campaign ) ဆက်လက်ဆောင်ရွက်

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign )ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယနေ့ နံနက် ၉နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုများ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ရှားတောမြို့နယ်၌ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် မြို့မိမြို့ဖများ စုပေါင်းလှူဒါန်း ပြုလုပ်သော အဌမကြိမ်မြောက် မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ ရှားတောမြို့နယ် စလောင်းစုစည်း(မြရတနာ)ကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် မြို့မိမြို့ဖများ စုပေါင်းလှူဒါန်းပြုလုပ်သော အဌမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

လွယ်ဂျယ်မြို့၌ နယ်စပ်ကုန်သွယ်ရေးစခန်းကုန်သွယ်မှု မြှင့်တင်ရေးအစည်းအဝေးပြုလုပ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ နယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးကို ယနေ့နံနက်(၁ဝ)နာရီခန့်က ကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရေကြည်မြို့နယ်တွင် Facility Quarantine အဖြစ် ထားရှိမည့် တိုးချဲ့ကျောင်းဆောင်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ ပိုးတွေ့လူနာများနှင့် ၎င်းတို့နှင့်ထိစပ်သူများအား Quarantine ထားရှိမည့် တိုးချဲ့ကျောင်းဆောင်များ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ယမန်နေ့ ညနေ(၃)နာရီအချိန်ကပြုလုပ်ခဲ့ကြောင်းသိရသည်။

မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် စျေးရောင်း၊ စျေးဝယ်များ ခရီးသွားပြည်သူများ နေအိမ်အပြင်ထွက်ခွာပါက နှာခေါင်းစည်း Maskများ တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉:၀၀)နာရီအချိန် က တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ နေ့စဉ်စစ်ဆေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှ ၁၀ နာရီအထိ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၅ ဦးကို Test Kit ဖြင့်စစ်ဆေးရာ ကလေးမြို့မှ ရိခေါ်ဒါရ်သို့ ကုန်စည်ပစ္စည်းများပို့ဆောင်မောင်းနှင်မည့် ယာဉ်နောက်လိုက်တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်းသိရသည် ။

ဖယ်ခုံမြို့နယ်၌ Mask တပ်ဆင်ရန် လှုံ့ဆော်ခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်အတွက် ပြည်သူလူထုအတွင်း အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရန် လှုံ့ဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့မဈေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

သီပေါမြို့ရှိ စျေးများတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချစေရေးနှင့် ကုန်စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော စျေးဆိုင်များနှင့် ဝက်ဝံယာယီပျံကျစျေးအတွင်း အသားငါး၊ ဟင်းသီးဟင်းရွက်သစ်သီးဝလံ အစရှိသည့် စျေးရောင်းချလျက်ရှိသောဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊တားဆီးရေး ဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှုရှိစေရေးနှင့် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များ စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ယနေ့နံနက်(၁၀) နာရီ အချိန်ခန့် က မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မအူပင်မြို့နယ် ပေကုန်းကျေးရွာအုပ်စုတွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ပေကုန်းကျေးရွာအုပ်စုတွင် အသက် ၉ နှစ် မှ ၁၀ နှစ်ထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေး ထိုးခြင်းကို ယ‌နေ့နံနက်ပိုင်းက ပေကုန်းကျေးရွာအုပ်စု မြတ်ဆုယူတန်ဆောင်းတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ နယ်မြေကျန်းမာရေးဆရာမ ဒေါ်ဇင်နွယ်ဦးနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စုရှိ အမျိုးသမီးငယ် ၄၉ ဦးအား (ပထမ)အကြိမ် ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်သည်။
Subscribe to