ရေကြည် နိုဝင်ဘာ ၂၃
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ ပိုးတွေ့လူနာများနှင့် ၎င်းတို့နှင့်ထိစပ်သူများအား Quarantine ထားရှိမည့် တိုးချဲ့ကျောင်းဆောင်များ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများကို ယမန်နေ့ ညနေ(၃)နာရီအချိန်ကပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ Facility Quarantine ထားရှိခြင်းဖြင့် ရေကြည်မြို့နယ်အတွင်းရှိ ပြည်သူများအား COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပွားစေရန်ရည်ရွယ်၍ အဆိုပါ စောင့်ကြည့်လူနာများအား ရေကြည်မြို့ အခြေခံပညာအထက်တန်း ကျောင်း အ-ထ-က(၂)တွင် ထားရှိရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးစိုးနိုင် ဦးဆောင်သည့် သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ စောင့်ကြည့်လူနာများ ထားရှိမည့်ကျောင်းဆောင်များ၊ အိမ်သာနှင့် ရေချိုးမည့် နေရာများအား သန့်ရှင်းရေးလုပ်ခြင်း၊ နေရာထိုင်ခင်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း များကိုပြုလုပ် ခဲ့ကြောင်းသိရသည်။
အောင်သူဟန် (ပြန်/ဆက်)