ပြည်သူများဘေးအန္တရာယ်ဖြစ်စေသည့် ခွင့်မပြုအစားအသောက် ပဲသွေး/ဘဲသွေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် စည်ပင်သာယာစျေးအတွင်းတွင် ယမန်နေ့က မြို့နယ်စည်ပင် သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပြည်သူများ ဘေးအန္တရာယ်ဖြစ်စေသည့် ခွင့်မပြုအစားအသောက် ပဲသွေး/ဘဲသွေးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။