ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေးစီမံချက် (Mask Campaign ) ဆက်လက်ဆောင်ရွက်

ဟားခါး         နိုဝင်ဘာ   ၂၃

ဟားခါးမြို့တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign )ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယနေ့ နံနက် ၉နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုများ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

Mask Campaignကို ဟားခါးမြို့၊ လမ်းဆုံနေရာများနှင့် ဗိုလ်ချုပ်လမ်းမကြီးတွင် Mask တပ်ဆင်ခြင်းမရှိသူများ Mask အခမဲ့တပ်ဆင်ပေးခြင်းနှင့် ညစ်ပေသည့် Maskတပ်ဆင် သူများအား Mask အသစ် အခမဲ့လဲလှယ်တပ်ဆင်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ အသိပညာပေး ဟောပြောပေးခြင်းတို့ကို ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ကော်မတီဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ Mask Campaignကို ဟားခါးမြို့တွင် နိုဝင်ဘာလ ၂၁ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ တစ်ရက်လျှင် Mask အရေအတွက် (၁၀၀၀)နှုန်းဖြင့် ဖြန့်ဝေမည့် နေ့ရက်သတ်မှတ်၍ (၁၄)ရက်ကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက် များကို လိုက်နာခြင်းမရှိသူများအား မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉  ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရှိရသည်။

အောင်ခွီရှိန်း ၊ ခရိုင်(ပြန်/ဆက်)