ကျောက်မဲ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရုံးတွင် အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်မြင့်နှင့် အဖွဲ့ဝင်များက အမှတ် ၁ ရပ်ကွက်၊ နယ်မြေ ၃ တွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်က နိုင်ငံတော်မှထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်အနေဖြင့် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုစာရင်းများကို ပြုစု၍ သက်ဆိုင်ရာသို့ ထောက်ပံ့ငွေ ရရှိအောင် တင်ပြထားခဲ့သော်လည်း ခွဲတမ်းအရ အိမ်ထောင်စု ၁၈၂ စု အတွက်သာ ထောက်ပံ့ငွေများ ရရှိခဲ့ကြောင်း၊ အဆိုပါ ထောက်ပံ့ငွေများကို နယ်မြေ ၁၃ ခုအတွင်းရှိ ဝင်ငွေနည်း ပြည်သူများအား အလှည့်ကျစနစ်ဖြင့် ပြန်လည်ခွဲဝေ ထောက်ပံ့ ပေးခဲ့ ရကြောင်း အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရသိသည်။
မိုင်းထွန်း(ပြန်/ဆက်)