လှိုင်သာယာ(အရှေ့ပိုင်း) နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသော မိသားစုများနှင့် Quarantine Center(1) သာသနာ့ဗိမာန်(၃)ထပ်ဆောင်တွင် ကိုဗစ်−၁၉ ရောဂါ အနံ့ပျောက်သူများအတွက် ဆန်၊ ကြက်ဥနှင့် ကြာဆံထုပ်များကို အလှူရှင် Ms. Risa Suhalim & Sisters နှင့် အလှူရှင် ကိုမိုးနှင်း+မခင်မာဝင်း မိသားစုတို့မှ ယမန်နေ့ နံနက်(၉)နာရီအချိန်က ပေးအပ် လှူဒါန်းခဲ့သည်။
အဆိုပါ ပေးအပ်လှူဒါန်းရာ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် စားဝတ်နေရေး အခက်အခဲရှိသော မိသားစုများကို တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နူန်းဖြင့် မိသားစု(၃၀၀)ဦးနှင့် Quarantine Center(1) အသွားအလာ ကန့်သတ်ထားရှိသူများအား ကြက်ဥ အလုံး(၅၀၀)တို့ကို အလှူရှင် Ms. Risa Suhalim & Sisters တို့က ပေးအပ်လှူဒါန်းခဲ့ပြီး အလှူရှင် ကိုမိုးနှင်း+မခင်မာဝင်း မိသားစုတို့မှ ကြာဆံထုပ်များကို မိသားစု(၃၀၀)ဦး အတွက် ဆက်လက် ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ရေးအတွက် စားဝတ်နေရေး အခက်အခဲရှိသော မိသားစုများ စားဝတ်နေရေး အဆင်ပြေစေရန် ဆန်၊ ကြက်ဥနှင့် ကြာဆံထုပ်များကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)