လသာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပသော အသက် (၅၅)နှစ် နှင့် အထက် စည်ပင်ဝန်ထမ်းများအား ဂါရဝပြုလက်ဆောင် ပေးအပ်ပွဲအခမ်းအနား ကျင်းပ

လသာ နိုဝင်ဘာ ၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပသော မြို့နယ်စည်ပင်သာယာမှ အသက်(၅၅)နှစ်နှင့်အထက် ဝန်ထမ်းများအား ဂါရပြုလက်ဆောင်ပေး အပ်ပွဲအခမ်းမနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရုံးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်မြို့စည်ပင်သာယာဝန်ထမ်း သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးဇင်မင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်(၁) ဦးသောင်းတို့က အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးအောင်နှင့် အလှူရှင်များက မြို့နယ်စည်ပင်သာယာမှ အသက် (၅၅)နှစ်နှင့်အထက်ဝန်ထမ်း(၄၇)ဦးအား ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

ဂါရဝပြုလက်ဆောင်များမှာ ဆန်၊ ဆီ၊ နှာခေါင်းစည်း (mask)များနှင့် စားသောက်ကုန်ပစ္စည်းများ ပါရှိပြီး အဆိုပါ ဂါရဝပြုလက်ဆောင်များကို လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မို့မို့အောင်၊ မြို့မိမြို့ဖအလှူရှင်ဒေါ်ကြင်မြနှင့် မြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းမိသားစုများက စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မေသူ(ပြန်/ဆက်)