အရာ​​​တော်မြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သဘာဝပိုးနှင်​ဆေး ပြုလုပ် နည်း လက်​တွေ့ပြသ​ ဆောင်ရွက်

အရာ​တော်    နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  စိုက်​ပညာပေး ၀န်ထမ်းများသည် ယမန်​နေ့က အရာ​တော်မြို့နယ် အမှတ်(၁) နယ်မြေအတွင်းရှိ တောင်သူ ဒေါ်ဝါအိ၏ နေအိမ်တွင် သဘာ၀ပိုးနှင်ဆေး ပြုလုပ်သုံးစွဲနည်းကို လက်​တွေ့  ပြုလုပ်ပြသခဲ့​ကြောင်း သိရသည်

ယင်းသို့ သဘာဝပိုးနှင်​ဆေးပြုလုပ်ရာတွင် EM အပြင်း ၂ လီတာ၊ တင်လဲရည် ၅ လီတာ၊ ဒုတ္ထာ၂၅ ကျပ်သား (ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဂျင်း၊ ဆေးရွက်ကြီး၊ တမာရွက်၊ ဆင်တုံးမနွယ် ၁ ပိသာစီနှင့် ရေ ၈၀ လီတာ သုံးစွဲရန်လိုအပ်ပြီး ​​ရှေးဦးစွာ ဆေးရွက်ကြီးကို အ​ခြောက်လှန်း အမှုန့်ပြုလုပ်ကာ ( ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဂျင်း၊ ဆေးရွက်ကြီး၊ တမာရွက်၊ ဆင်တုံးမနွယ် ၁ ပိသာစီကို ထု​ထောင်း၍ ဒုတ္ထာကို ​ရေ​နွေးဖြင့်​ပျော်​အောင်​ဖျော်ပြီးထောင်းထားသည့် ပစ္စည်းများကို အသုံးပြုမည့် အိုး/ပုံး အလွတ်တွင်ထည့်၍ရေသန့် ၈၀ လီတာကို ဦးစွာ​လောင်းထည့်ကာ ဒုတ္ထာ​ဖျော်ရည်ကို​အ​ပေါ်မှ လောင်းထည့်ရ​ကြောင်းနှင့် EM အပြင်း ၂ လီတာကို​ရောထည့်ကာ သမ​အောင်​မွှေပြီး လေလုံ​အောင်ပိတ်၍ အရိပ်ရှိ​သော​နေရာတွင် ထားကာ ၁၀ ရက် အကြာတွင် အသုံးပြုနိုင်ပြီဖြစ်​ကြောင်း လက်တွေ့ ပြုလုပ်ပြသခဲ့ပြီး သီးနှံစိုက်ခင်းများတွင် ကျရောက် တတ်သော ဖျက်ပိုးများကို ကာကွယ် နှိမ်နင်းရာတွင် ဓာတုပိုးသတ်ဆေးများကိုလျော့ချပြီး သဘာ၀ပိုးနှင် ဆေးများကို အစားထိုးသုံးစွဲကြရန် ပညာပေးဆွေးနွေးခဲ့​​ကြောင်း မြို့နယ် စိုက်ပျိုး ဦးစီးမှူးဒေါ်တင်တင်စိန် ၏ပြောကြားချက်အရ သိရသည်။

နွယ်နီမြင့်