သံတောင်ကြီးမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ရန် ဆရာ/မများ နှင့် တွေ့ဆုံ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများအတွက် ကျောင်းသုံးလွယ်အိတ်နှင့် စာရေးကိရိယာပစ္စည်းများကို ထောက်ပံ့ပေးအပ်နိုင်ရန်အတွက် China Foundation For Poverty Alleviation Myanmar Office (CFPA) မှ အခြေခံပညာ မူလတန်းကျောင်းရှိဆရာ/မ များ နှင့်တွေ့ဆုံခြင်းကို ယနေ့နံနက်ပိုင်းက သံတောင်ကြီးမြို့ အထက ကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက မြို့နယ်ဌာနဆိုင်ရာများ နှင့်ပူးပေါင်းပြီး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက် နာရီစင်ထိပ်နှင့် မြို့မဈေးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ (၄၄)ဦးထပ်မံဝင်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့နံနက်(၆)နာရီမှ ညနေ(၆)နာရီအချိန်အထိ နေရပ်ပြန်ပြည်သူ (၄၄)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(ခွဲ)လ(၁၀) Quarantine Centre တွင် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါရှိသူ များနှင့် ဆက်စပ်သူများထားရှိသည့် ရွှေပေါက်ကံမြို့သစ်ရပ်ကွက် အ.ထ.က(ခွဲ) လ(၁၀) Quarantine Centre တွင် Quarantine ဝင်ရောက်နေသူများ ခြင်ကြောင့် ဖြစ်နိုင်သည့် ရောဂါများမှ ကာကွယ်နိုင်ရန် ခြင်ဆေဖျန်းခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ရွှေပေါက်ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့များနှင့် Volunteer များက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်​ရေးအတွက် အသိ​ပေးနှိုး​ဆော်ခြင်းနှင့်  Mask and Face Shield Campaign ပြုလုပ်

ရန်ကုန်အ​နောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်​ရေးအတွက် အသိ​ပေးနှိုး​ဆော်ခြင်းများ အရှိန်အဟုန်မြင့်​ဆောင်ရွက်လျက်ရှိရာ ယမန်​နေ့နံနက်ပိုင်းက ညစျေး၊စျေးကြီးလမ်း၊ ဗိုလ်သူရ လမ်းများတွင် mask တပ်ဆင်ပြီးသွားလာကြရန်၊ (COVID-19)ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာရန် အသိပေးခြင်းနှင့် Mask and Face Shield Campaign  များ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြ

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်သည်။

နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၀ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်အတွဲ (၄) အမှတ် (၇)ကို ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်

ကိုဗစ်-၁၉ ကာလပြည်သူများ စျေးနူန်း ချိုသာစွာဝယ်ယူနိူင်ရေး Mobile Market စျေးကား (၁၁)စီးဖြင့် ဆဌမအကြိမ်ရောင်းချခြင်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်း ပြည်သူများစျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရေးနှင့် ကိုဗစ်-၁၉ကူးစက်ရောဂါပြန့်ပွားမှုကို အထိုက်အလျောက် ကာကွယ် နိုင်ရေးအတွက် သန့်ရှင်းလတ်ဆတ်သော ကြက်သား၊ ဝက်သား၊

ခရမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်တိုင်း (mask) တပ်ဆင်မှု အလေးထားဆောင်ရွက်ရန် နေ့စဉ် စစ်ဆေးကြပ်မတ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် နေ့စဉ် နံနက်(၇)နာရီက မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ရောဂါထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉

အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ (၅၃)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၃) သို့ ပို့ဆောင်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၅၃)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၃) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Subscribe to