ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ နှစ်ဦး စတင်တွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာနှစ်ဦး စတင်တွေ့ရှိကြောင်း ချောင်းသာမြို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူက အတည်ပြု ပြောကြားခဲ့သည်။

ရွှေသောင်ယံမြို့ သဲကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာစာသင်ကျောင်းများသို့ ကွန်ပျူတာနှင့် ကျောင်းအသုံးအဆောင် ပစ္စည်းများ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စုရှိ သဲကျင်းကျေးရွာနှင့် ပိုးလောင်း ကျေးရွာရှိ စာသင်ကျောင်းများသို့ ယနေ့နံနက် ၉ နာရီအချိန်က ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ Worldview International Foundationမှ Computerနှင့် ဆက်စပ်ပစ္စည်းများ၊ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ၊ ကျောင်းအသုံးအဆောင် ပစ္စည်းများအား သွားရောက် လှူဒါန်းခဲ့ကြသည်။

မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ နှာခေါင်းစည်း(Mask)မဖြစ်မနေတပ်ဆင်ရေး (Mask Campaign) ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ နေအိမ်ပြင်ပဘက်သို့ သွားလာသူတိုင်း နှာခေါင်းစည်း(Mask)များ မဖြစ်မနေတပ်ဆင်သွားလာနိုင်ရေးအတွက် (Mask Campaign) အစီအစဉ်ကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့၊ နံနက်(၈)နာရီအချိန်ခန့်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ ယာယီဈေး၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မုံးကိုးမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များကို ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံခြင်း ဆောင်ရွက်

မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များအား ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း အစီအစဉ်ကို ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က မုံးကိုးမြို့၊ မြို့ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် အသိပညာပေး လုပ်ငန်းများဆောင်ရွက်

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အသိပညာပေး Campaing လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဗိုလ်ချုပ်‌ဈေး လမ်းမတလျှောက် ပြုလုပ်ဆောင်ရွက်သည်။

မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက နှာခေါင်းစည်းများ ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကဌာန၏ နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် နှာခေါင်းစည်းဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန့်နေ့၊ နေ့လည်(၁) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။

ကွမ်းလုံ၌ တရုတ်နိုင်ငံမှ နေရပ်ပြန်ပြည်သူ(၂၈)ဦးအား အသွားအလာကန့်သတ်စောင့်ကြည့်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် တရုတ်နိုင်ငံမှ နေရပ်ပြန်ပြည်သူ(၂၈)ဦး အား အခြေခံပညာအထက်တန်းကျောင်း (ကွမ်းလုံ) ၌ ယမန်နေ့ မွန်းလွဲပိုင်းက အသွားအလာကန့်သတ်စောင့်ကြည့်ထားသည်။

စဉ့်ကိုင်မြို့နယ် ပလိပ်ဘောလုံးကွင်း ပျံကျစျေးအတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ် ထိန်းချုပ်နိုင် ရေး အသိပညာပေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ယနေ့နံနက်(၇)နာရီက ပလိပ်စျေးအား ဘောလုံးကွင်းအတွင်းသို့ ပြောင်းရွှေ့ထားသည့် ပျံကျစျေးသည်၊ ကုန်စိမ်းသည်များအား သတ်မှတ် စည်းကမ်းချက်များနှင့် အညီရောင်းချခြင်း ရှိ/မရှိစစ်ဆေး၍ Maskများကိုအခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျွန်းစုမြို့တွင် ဆိုင်ကယ် ဘီးခွန် ဆောင်ထားခြင်း ရှိ / မရှိ စိစစ် ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်(၁)နှစ်အတွက် မော်တော်ဆိုင်ကယ်များ ဘီးခွန်ဆောင်ထားခြင်း ရှိ/ မရှိ ကို ယနေ့ နံနက်(၉)နာရီ အချိန်က ဗိုလ်ချုပ်လမ်းမကြီးနှင့် အောင်သပြေလမ်းဆုံ၊ မြို့နယ်စည်ပင်ရုံးအရှေ့၌ စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ရပ်တန့်ရေးနေ့ (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်၌ "အင်းစိမ်းမေ" အမျိုးသမီး လူမှုဖွံ့ဖြိုးရေးကူညီမှုအသင်းမှ ဦးဆောင်၍ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုမှ ရပ်တန့် ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထမ်းအမှတ်ကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to